စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်

 



MNP - နိုဝင်ဘာ  ၂၅


စိုက်ပျိုးရေးဦးစီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ သိရှိစေရန်နှင့် စိုက်ပျိုးရေး အရောင်းဆိုင် တောင်သူများထံသို့ နည်းပညာများကို လက်ဆင့်ကမ်း အသိပညာပေးနိုင်ရန်တို့အား ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌  မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန်၊ တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ခံများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က “သင်တန်းသား သင်တန်းသူများအနေဖြင့် ယနေ့ဖွင့်လှစ်ခဲ့သော မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာများကို သေချာဂရုတစိုက် လေ့လာကြပြီး မိမိတို့ဒေသအတွက် စိုက်ပျိုးရေးအသိပညာများ၊ ဥပဒေရေးရာများဖြင့် ပြန်လည်အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် အားလုံးကြိုးစား သင်ယူကြစေကြောင်း တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်နှင့် တိုင်းမြေအသုံးချရေးဌာနခွဲ တာဝန်ခံတို့မှ မုံရွာခရိုင် ချောင်းဦးမြို့နယ်၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ ကသာခရိုင် ထီးချိုင့်မြို့နယ်တို့တွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များကို  ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာခရိုင်မြေ တာဝန်ခံများမှ လက်ခံရယူခဲ့သည်။


ထို့နောက် တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲတို့ မှ အဏုဇီဝဖျော်ရည် ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်နှင့် သဘာဝမြေဩဇာ ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ချည်မျှင်ရှည်ဝါမျိုးများ၊ အစေ့ထုတ်ပြောင်းမျိုးများ၊ နှံစားပြောင်းမျိုးများ၏ အရည်အချင်း လက္ခဏာများ ရှင်းလင်းပြသခြင်း၊ သဘာဝပိုးသတ်ဆေး လက်တွေ့ပြုလုပ် ဖျော်စပ်အသုံးပြုနည်း၊ သီးထိုးယင် ထောင်‌ချောက်ကိရိယာ အသုံးပြုနည်း ပြသခြင်းတို့အား တာဝန်ရှိသူများက အသီးသီး လိုက်လံရှင်းလင်း ပြသမှုများအား သင်တန်းသား သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည့် မေးမြန်မှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာပေးသင်တန်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ခရိုင်နှင့်မြို့နယ်များမှ ဝန်ထမ်းများ၊ မိတ်ဖတ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၅၀) ဦး သင်တန်းကာလ တစ်ရက်ကြာ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)