ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းနေရာများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းနေရာများအား ကြည့်ရှုစစ်ဆေး




MNP - နိုဝင်ဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ သွားလာမှုလမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်စေရေး၊ ရေစီးရေလာများ ကောင်းမွန်စေရေးစသည့်  မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လာမည့်(၂၀၂၃-၂၀၂၄) ဘဏ္ဍာ‌ရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းနေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ရပ်ကွက်များအလိုက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများနှင့် လာမည့်(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်‌ဖော်ဆောင်ရွက်မည့် လျာထားလုပ်ငန်းနေရာများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနဆိုင်ရာ လုပ်ငန်းတာဝန်ခံများက မိမိတို့ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအလိုက် လိုက်လံရှင်းလင်းပြသခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)