မိုင်းဆတ်မြို့၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအနေအနေအားကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအနေအနေအားကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ   ၂၄


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒဿမ ၇၄၀)သန်းဖြင့် ဒေသခံတောင်သူများ နွေရာသီတွင်စိုက်ပျိုးရေရရှိကာ ရာသီသီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေများရရှိနိုင်စေရန်အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲ (၃)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း(Pilot Project)အား (၈-၁၁-၂၀၂၂)ရက်နေ့က လုပ်ငန်းအားလုံးရာပြည့်နှုန်းပြီးစီးခဲ့ရာ၊ ယခုအခါ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေ(၁၀)ဧကအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်နေမှုအခြေအနေအား အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခေတ္တ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း- မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)