စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနား မုံရွာမြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနား မုံရွာမြို့၌ ကျင်းပ




MNP - နိုဝင်ဘာ  ၂၃ 


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ညွန်ကြားရေး မှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာများ၊ တိုင်းဒေသကြီးအတွင်း ခရိုင်များမှ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ညွန်ကြားရေးမှူး ဦးကျော်မင်းသန်းက တိုင်းဒေသကြီးအတွင်း ဖူဆယ်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်တဲ့အတွက် သင်တန်းသားသင်တန်းသူ များအနေဖြင့် သင်တန်းမှပို့ချပေးမည့် ဖူဆယ်အားကစားနည်းများကို စိတ်ပါဝင်စားစွာ စနစ်တကျလေ့ကျင့် သင်ယူမှတ်သားကြကာ မိမိတို့ မြို့ရွာမှ နိုင်ငံဂုဏ်ဆောင်များအထိ အားကစားသမားကောင်းများ ပေါ်ပေါက်လာအောင် မွေးထုတ်ပေးကြရန် တိုက်တွန်း အမှာစကား ပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။


ဆက်လက်ပြီး သင်တန်းကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး  ဆက်လက်ပို့ချပေးလျက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သင်တန်းနည်းပြဆရာ (၂)ဦးက  ဖူဆယ်ဒိုင်နှင့်စပ်လျဉ်ပြီး ရှောင်ရန် ဆောင်ရက်အချက်များအား တိုင်းဒေသကြီးအတွင်း ခရိုင်(၁၁) ခရိုင်မှ သင်တန်းသား (၂၂)ဦးအတွက်  နိုဝင်ဘာ ၂၃)ရက်မှ နိုဝင်ဘာ(၂၉)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)