နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

 



MNP - နိုဝင်ဘာ   ၂၅


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဦးမြင့်စိုး နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်လွင်ဦးနှင့် တိုင်း၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားရာတွင် ထူးချွန်ထက်မြတ်သောရွက်ပုန်းသီး အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးတို့ကိုရည်ရွယ်၍ အားကစားပစ္စည်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ သို့မှသာ အားကစားကို စိတ်ပါဝင်စားသူများပြားလာပြီး ကျန်းမာကြံခိုင်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ လူတစ်စုအားကစားမှ လူထုအားကစားသို့ဖြစ်အောင် အဖက်ဖက်မှ ကြိုးပမ်းအားထုတ်လျက်ရှိရာ ပြည်သူလူထုအားလုံးက အတူလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် နေပြည်တော်ကောင်စီကိုယ်စားပြု ယှဉ်ပြိုင်ရာ ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၇)ခု စုစုပေါင်းဆုတံဆိပ် (၁၅) ခု ရရှိခဲ့တာကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစား လောကဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အားကစားစိတ်ဓာတ် ရင့်သန်ခိုင်မာစေရေး၊ နိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ရေးတို့အတွက် ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အေလာ (အ.ထ.က) သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေယဉ်မွန်က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့သိုင်း၊ Fitness Dance နှင့်လမ်းလျှောက်ကြမယ် သီချင်းများဖြင့် တင်ဆက်ဖျော်ဖြေရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝေကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)