ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ


MNP ၊ နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။   

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီး အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ  လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ်    သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို အမျိုးသမီးအဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  (၁၆)ရက်တာကာလအတွင်းမှာ ကျား/ မ အခြေပြုအကြမ်းဖက်မှုနှင့်ပတ်သက်သည့် အသိပညာပေးသင်တန်းများကိုလည်း ခရိုင်၊ မြို့နယ်များမှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှကာကွယ်ရန်နှင့်တုံ့ပြန်မှုများ ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် ဘတ်ဂျက်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ/အမျိုးသမီးငယ်ရွယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်  အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။    

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video အားကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်း၌ ပြသထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးပိုစတာများနှင့် လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)