သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဘုရားကုန်းကျေးရွာအုပ်စု၊ တောင်သူ(၂၄)ဦး၊ စိုက်ပျိုးဧက(၁၈၃)ဧက၊ စိုက်ပျိုးစရိတ်‌ ချေးငွေများဆက်လက် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဘုရားကုန်းကျေးရွာအုပ်စု၊ တောင်သူ(၂၄)ဦး၊ စိုက်ပျိုးဧက(၁၈၃)ဧက၊ စိုက်ပျိုးစရိတ်‌ ချေးငွေများဆက်လက် ထုတ်ချေးပေး




MNP - နိုဝင်ဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်သန်းသန်းအေးမှ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် NPL ကျဆင်းရေးနှင့် ချေးငွေစည်းကမ်းချက်များ၊ စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်း မှာကြားခဲ့ပြီး‌ ဘုရားကုန်းကျေးရွာအုပ်စု၊‌ တောင်သူ(၂၄)ဦး၊ စိုက်ပျိုးဧက(၁၈၃)တို့ကို ၂၀၂၂ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူများအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၈၃)ဧကအတွက် ကျပ်သိန်းနှစ်ရာ ခုနှစ်ဆယ့်လေးသိန်း ငါးသောင်းကျပ်ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။


နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေအား အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)