မလှိုင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ၍ လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ၍ လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်




MNP - နိုဝင်ဘာ ၂၅


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မှရိုးကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) အကြောင်း ရှင်းလင်းပြောကြားကာ စီမံကိန်းလုပ်ငန်းကို အတည်ပြုရွေးချယ်ပေးခဲ့သည်။ ယင်းနောက် လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီရေး အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုက (VDP) စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာ(VDP) စီမံကိန်းလုပ်ငန်းကော်မတီကို တက်ရောက်လာသူများထဲမှ အများဆန္ဒနှင့်အညီ အဖွဲ့ဝင် (၁၁)ဦးပါသော လုပ်ငန်းကော်မတီကို ရွေးချယ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းကော်မတီက ဦးဆောင်၍ ကံသစ်ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)