MNP ၊ နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်နည်းပညာတက္ကသိုလ်ခန်းမ၌ယနေ့နံနက် ၁၀နာရီအချိန်က၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကိုကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်ရှေးဦးစွာ ပြည်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်ကအဖွင့်အမှာစကားပြောကြားပြီး သင်တန်းရေးရာဌာနကြီးမှူး ဆရာဦးဘိုဘိုမင်းဆွေကမိတ်ဆက်အမှာစကားပြောကြားသည်။
ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ်မောင်မယ်သစ်လွင်များအား ဘာသာရပ်အလိုက်မိတ်ဆက်ခြင်းများပြုလုပ်ရာ Civilဌာနမှ ဌာနမှူးဆရာမဒေါ်စန္ဒာမိုး၊ECဌာနမှပါမောက္ခဌာနမှူးဆရာမဒေါက်တာမြသန္တာကြူ၊ EPဌာနမှပါမောက္ခဌာနမှူးဆရာဒေါက်တာမျိုးသက်ထွန်း၊ Mechဌာနမှပါမောက္ခဌာနမှူးဆရာဒေါက်တာအောင်မျိုးထူး၊ ITဌာနမှပါမောက္ခဌာနမှူးဆရာမဒေါက်တာအေးစုလှိုင်ကဘာသာရပ်အလိုက်အသီးသီးမိတ်ဆက်ခဲ့ကြကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်ပြည်နည်းပညာတက္ကသိုလ်၌မူလစာရင်းရှိကျောင်းသားဦးရေမှာ( ၁၂၉၂)ဦးဖြစ်ပြီးယခုအပ်နှံပြီးကျောင်းသားဦးရေမှာ(၈၅၄)ဦးရှိကြောင်းသိရပြီး ပထမနှစ်ကျောင်းသားများအား ဒီဇင်ဘာ၉ရက်နေ့အထိကျောင်းအပ်လက်ခံမှာဖြစ်ပြီး၊ ဒုတိယနှစ်မှနောက်ဆုံးနှစ်အထိကျောင်းသားများကိုနိုဝင်ဘာ ၃၀ရက်နေ့ထိကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုစိုး(ပြည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment