MNP ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၂-ခုနှစ် နိုဝင်ဘာလအတွက် ပင်စင်လစာငွေများကို ယခုလ၂၁ရက်နေ့မှ၂၉ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇နာရီမှ မွန်းလွဲ၃နာရီထိထုတ် ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌ အငြိမ်းစား ပင်စင်လစာငွေ ထုတ်ယူသူ(၇၇၆)ဦးရှိပြီး အဆိုပါသတ်မှတ်ရက်များတွင်အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဒီဇင်ဘာလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင် ကြောင်းမာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာဒေါ်ဇာခြည်ဝင့်ထံမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment