MNP ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီက စတင်၍ ပင်စင်စားဝန်ထမ်း များ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ(၁၃၂၀)ဦးရှိပြီး၊သက်ကြီး ပင်စင် စားသူများနှင့်နာမကျန်သူများကို ဦးစားပေးစနစ်ဖြင့် ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ၊ နံနက် (၈)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို စနစ်တကျထုတ်ပေးလျက်ရှိပြီး၊ ၎င်းရက်များအတွင်း လာရောက်ထုတ်ယူခြင်း မရှိသူများကို ဒီဇင်ဘာလဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစားပင်စင် လစာကို ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ကိုယ်စားလွဲစာဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment