မိုင်းခုတ်မြို့၌ အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ




MNP - နိုဝင်ဘာ  ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မတပ်ဦးကျောင်း၌ တည်ထားလျက်ရှိသော အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို မိုင်းခုတ်မြို့မှ အားကစားဝါသနာရှင် (၁၀)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်သင်းလျှင်(၃)ဦးနှုန်းဖြင့် အုပ်စု(၂)အုပ်စုခွဲ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။ ဗိုလ်လုပွဲကို အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူမည့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပထမဆုကို ငွေကျပ်(၁၂၀၀၀၀)၊ ဒုတိယဆုကို ငွေကျပ်(၉၀၀၀၀)နှင့် တတိယဆုကို ငွေကျပ်(၅၀၀၀၀) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)