လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက် အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ လှူဖွယ် ပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက် အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ လှူဖွယ် ပစ္စည်းများ ပေးအပ်လှူဒါန်း

 



MNP - နိုဝင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက်ရှိ အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချူပ်တိုင်မှူးမှ လှူဒါန်းသော လှူဖွယ် ပစ္စည်းများအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ယနေ့နေ့လည်ပိုင်းတွင် သွားရောက်လှူဒါန်း ခဲ့သည်။


စာသင်တိုက်ရှိ စာသင်သားများ သာသနာ့အကျိုး သယ်ပိုးဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန် အနောက်တောင်တိုင်းစစ်ဌာနချူပ်တိုင်မှူးမှ လှူဒါန်းသော ဆန်(၃)အိတ်၊ ဆီ(၅)ပိဿာ၊ ပဲ(၅)ပိဿာ၊ ကြက်ဥ(၁၅၀)လုံးတို့အား လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့မှ ကိုယ်စားသွားရောက် လှူဒါန်းခြင်းဖြစ်သည်။ အဆိုပါ သီလရှင်စာသင်တိုက်တွင် စာသင်သား သီလရှင် (၃၄)ပါးရှိပြီး ယခုလိုလှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း စာသင်သားများကိုယ်စား ကျောင်းထိုင်ဆရာလေး ဒေါ်ဆန္ဒထေရီမှ ပြောကြားခဲ့သည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)