ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ နိုဝင်ဘာလ   ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွချောင်းတံတား ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်း၍ တာဝန်ပေး ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊တံတားဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အဆင့်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ လာရောက်မည်ဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးအား ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ တတိယအဆင့် ဆောင်ရွက်မည့် နိုင်(၄)နှင့် ပုံစံ(၆၆/၆)များ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးချိန်တွင် မသန်စွမ်းအမျိုးအစားအလိုက်  သတ်မှတ်ဖော်ပြနိုင်ရေး စာရင်းကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများ အနေဖြင့် ကိန်းဂဏန်းများပြီးစီးရေးအတွက် အချိန်မီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် လည်း ပူးပေါင်းပါဝင်  ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို  အလေးထားဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)