သီပေါမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့ခြင်းများဆောင်ရွက်

 


MNP - နိုဝင်ဘာ ၃၀


နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဘော်ကြိုကျေးရွာမှတောင်သူ ဒေါ်နန်းဌေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့ခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဒေါ်နန်းဌေး၏ယာမြေ၌ (၂၂.၈.၂၀၂၂) ရက်နေ့တွင် ရေဆင်း-၁ စပ်မျိုး မိုးနေကြာသီးနှံမျိုးစေ့ထုတ် စံပြကွက်(၁)ဧကကိုစတင် စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါ စိုက်ခင်းအား ရိတ်သိမ်း ခြွေလှေ့ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်  မြို့နယ်အတွင်းမိုးစပါး(မှော်ဘီ-၂) မျိုးစေ့ထုတ် စံပြကွက်(၂၀)ဧကကို စိုက်ပျိုးထားရှိကြောင်း၊ မိုးသီးနှံနေကြာကို (၆၂)ဧက စိုက်ပျိုးထားပြီး မိုးသီးနှံနေကြာနှင့် ဆောင်းသီးနှံနေကြာကို (၁၆၈)ဧက စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအား စိုက်နည်းစနစ်မှန်ကန်စေရေး၊ အထွက်ကောင်းမျိုးများသုံးစွဲရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ လက်တွေ့ ကွင်းဆင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)