အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

 



MNP - နိုဝင်ဘာ  ၂၉


မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်း ကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကာလဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ်ဆောင်ပုဒ်မှာ “UNITE! Activism to End Violence Against Women & Girl” “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ အားလုံးစုပေါင်းလှုပ်ရှားပေး ” ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းဆိုသည်မှာ နိုင်ငံရေး၊ လူမှုရေးစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အသီးသီးမှာ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ သတင်းမီဒီယာမှာဖြစ်စေ၊ Social Media မှာဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်ပြီး အမျိုးသမီးဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ခွဲခြားဆက်ဆံခံရခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုခုကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း အနိုင်အထက်ပြုလုပ်ခြင်းစသည့် ကျူးလွန်ဆောင်ရွက်မှုတွေ အားလုံးကိုဆိုလိုကြောင်း၊ အကြမ်းဖက်မှုများမဖြစ်ပေါ်စေရန် အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ လူတိုင်းတာဝန်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှုများ အဆုံးသတ်အောင် အစိုးရ၏လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အကြမ်းဖက်မှုသဘောဆောင်သည့် လုပ်ငန်းများကို လူ့အသိုင်းအဝိုင်းက လက်မခံကြောင်း၊ ပေါ်လွင်အောင်ပြသရန်လိုကြောင်း၊ တစ်ဦးချင်းငြိမ်းချမ်းရေး၊ အိမ်တွင်းငြိမ်းချမ်းရေးကနေ နိုင်ငံတော်ငြိမ်းချမ်းရေးအထိ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး တိုးတက်လုပ်ဆောင်သွားရန်တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/သူ များက “အားကစားသိပ္ပံညီနှောင်များ” တေးသီချင်းကို Fitness Dance အကဖြင့် ကပြဖျော်ဖြေရာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်နန္ဒာရွှေ မှ ဂုဏ်ပြုဆုငွေကျပ် ၂ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ပြီး နွေးထွေးသော ရင်ခွင်အဖွဲ့မှ “နွံနစ်ပန်း” အမည် ပြဇာတ်ဖြင့် ကပြဖျော်ဖြေခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ IINGOs၊ NGOs၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြခန်း၌ ပြသထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်စောက့်ရှောက်ရေး အသိပညာပေးပိုစတာများနှင့် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


သတင်း- စည်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)