ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ  ၂၉


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကို စေတီတောင်ဘုရားဓမ္မာရုံအတွင်း ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ရပ်မိ/ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။


ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးထံမှ နမောတဿသုံးကြိမ်ရွက်ဆိုကာ ဩဝါဒခံယူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂေါပကစည်းမျဉ်းရေးဆွဲနိုင်ရေး ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖွဲ့စည်းရေးရွေးချယ်ခြင်း၊ အတည်ပြုခြင်း၊ တာဝန်ထမ်းဆောင်ခြင်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးတို့ကို အဖွင့်အမှာစကားပြောကြားပြီး စေတီတောင်ဘုရားဂေါပကအတွင်းရေးမှူး ဦးသာဇံမှ စေတီတောင်ဘုရားဂေါပကအဖွဲ့စည်းမျဉ်းမူကြမ်းအား ရှင်းလင်းပြောကြားရာ ရပ်မိရပ်ဖများကလည်း လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဂေါပကအဖွဲ့သစ်ပြန်လည်ဖွဲ့စည်းရေးအတွက် ဆွေးနွေးသွားကြရန်ဆုံးဖြတ်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၅ နာရီအချိန်တွင် ဗုဓ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆိုဘုရားကန့်တော့ကာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)