အဝေးပြေးခရီးသည် တင်ယာဉ်လိုင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဝေးပြေးခရီးသည် တင်ယာဉ်လိုင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ  ၂၀


မော်တော်ယာဉ်ဖြင့် ခရီးသွားကြမည့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အဝေးပြေးခရီးသည် တင်ယာဉ်လိုင်းများအား ဌာနဆိုင်ရာအဖွဲ့များဖြင့် လိုအပ်သည့် အသိပညာပေး စစ်ဆေးဆောင်ရွက်မှုများ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကော့သောင်းမြို့မှ မြိတ်၊ ထားဝယ်၊ ရန်ကုန်မြို့များသို့ ခရီးသွားပြည်သူများ  ပို့ဆောင်မောင်းနင် ပေးလျက်ရှိသည့် အဝေးပြေးခရီးသည် တင်မော်တော်ယာဉ်များ ခရီးစဉ်တစ်လျောက် ယာဉ်မတော်တဆအန္တရာယ်၊ မီးဘေးအန္တရာယ်များ အပါအဝင်အခြား ဘေးအန္တရာယ်များ ကင်းရှင်းစေရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းအဖွဲ့ဖြင့် ခရီးစဉ်အတွက် မော်တော်ယာဉ်ကြံ့ခိုင်မှု ရှိမရှိ၊ မော်တော်ယာဉ်များတွင် အရေးပေါ်မီးသတ်ဆေးဗူးများထားရှိခြင်း ရှိ/မရှိ၊ ခရီးသည်ဦးရေနှင့် ကုန်ပစ္စည်းများ အားသတ်မှတ်ချက်နှင့်အညီ တင်ဆောင်မောင်းနင်ကြရေး၊ ဥပဒေနှင့်မလွတ်ကင်းသည့် ကုန်ပစ္စည်းများတင်ဆောင်ခြင်း မပြုကြရေးနှင့် အခြားလိုအပ်ချက်များအား ရှောင်တခင်လိုက်လံစစ်ဆေး ဆောင်ရွက်ကြခြင်း ဖြစ်ပြီး မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ခရီးသည်များဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတိပြုမောင်းနင်ကြရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)