မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး



MNP - နိုဝင်ဘာ   ၁၆


မကွေးခရိုင်၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု လှေဝန်းကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အအတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကွန်ကရစ်လမ်းအားဌာနက ကျပ်(၁၀)သန်းဖြင့် ဖောက်လုပ်ခင်းကျင်းရာမှာ လမ်းအကျယ်(၁၂)ပေ၊ လမ်းထု(၆)လက်မ လမ်းအရှည်(၄၅၀)ပေဖြစ်ပြီး ကျေးရွာပြည်သူများ ထည့်ဝင်ငွေ(၃.၃၃၆)သန်းနှင့် ဖောက်လုပ်သောလမ်းအရှည်ပေ(၁၆၅)ပေ၊ စုစုပေါင်းပေ(၆၁၅)အား ခင်းကျင်းနိုင်ခဲ့ပြီး ယခုဆိုလျှင် ကွန်ကရစ်လမ်းပြီးစီးသည့်အတွက်  လှေဝန်းကျေးရွာတွင်ရှိသော အိမ်ခြေ(၁၁၇)အိမ်၊ လူဦးရေ(၅၈၂)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း လှေဝန်းကျေးရွာ ဒေသခံတောင်သူ ဦးထွန်းအေးထံမှ ပြောကြားသိရှိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)