သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဆင်လမ်း၊ မဲဇလီကွင်းပေါက် ကျေးရွာအုပ်စုများ အရောက် ဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဆင်လမ်း၊ မဲဇလီကွင်းပေါက် ကျေးရွာအုပ်စုများ အရောက် ဖြည့်ဆည်းဆောင်ရွက်ပေး




MNP - နိုဝင်ဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာနှင့် မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။


ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ၊ ကြာဂရက် ဘုန်းတော်ကြီးကျောင်းတွင် အဖွဲ့အမှတ် (၁) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က တက်ရောက်လာကြ သော ဒေသခံပြည်သူ(၂၄၉)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်း ကျေးရွာ၊ စိန့်ဂျိုးဇက် ဘုရားရှိခိုး‌ကျောင်းတွင် မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ (၇၀)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက် ရောက်ရေး၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း (၆၆/၆) ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော် ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ် မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ် စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့် လွတ်အောင်ယာဉ်အန္တရာယ် မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်း ဆွေးနွေးကြပြီး ဒေသခံပြည်သူများ သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြပြီး ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် Covid-19 ကာကွယ်ဆေးထိုးရန် ကျန်ရှိ (၅)နှစ်မှ(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူ (၅)ဦးတို့ကို ဆေးထိုးနှံမှု အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးအဖွဲ့တို့မှ ကြည့်ရှုအားပေး ဆေးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)