မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်




MNP - နိုဝင်ဘာ  ၂၅


မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့်အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရော်ဘာအခြေပြုတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်မှသာ ပြည်တွင်းရော်ဘာကုန်ကြမ်းဝယ်ယူသုံးစွဲမှု မြင့်တက်လာမည်ဖြစ်ပြီး ပြည်တွင်းရော်ဘာဈေးကောင်းရရှိကာ ဈေးကွက်ခိုင်မာလာမည်ဖြစ်ကြောင်း၊  ထုတ်လုပ်သူများအနေဖြင့် အထွက်နှုန်းမြင့်မားရေးအတွက် မှန်ကန်သောအစေးခြစ်စနစ်၊ အစေးခြစ်လုပ်သားကျမ်းကျင်မှု မွေးမြူပေးရန်လိုအပ်ကြောင်း၊ ရော်ဘာထုတ်လုပ်မှုနှင့် ပတ်သက်သူများအားလုံး ရော်ဘာကဏ္ဍအရှိန်အဟုန်မပျက် ဆက်လက်တိုးတက်စေဖို့ အထွက်နှုန်းတိုးတက်ရေးအပြင် အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေးကိုပါ ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း  အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က online မှတစ်ဆင့် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြှင့်မားရေးအတွက် ဆောင်ရွက်မှုအခြေအနေများအားလည်ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာတမ်းရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ပြသထားသည့် ရော်ဘာအထွက်ကောင်းပျိုးပင်များ၊ ထုတ်လုပ်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။


ဆက်လက်၍ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စာတမ်းရှင် ၆ ဦးက စာတမ်းများဖတ်ကြားခဲ့ကြပြီး အစုအဖွဲ့ ၅ ခုတို့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၃၀ ဦး တက်ရောက်ပါဝင်ဆွေးနွေးမှာဖြစ်ကြောင်း သိရသည်။


တစ်နိုင်ငံလုံး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၁.၆ သန်းကျော် စိုက်ပျိုးလျက်ရှိရာ မွန်ပြည်နယ်တွင် ၅၀၄၉၈၈ ဧက စိုက်ပျိုးထားသည့်အတွက်  တစ်နိုင်ငံလုံး စိုက်ဧက၏ ၃၀ %ကျော်၊ တန်ချိန် ၁၀၇၅၁၁ တန်ထွက်ရှိ၍ ထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ ၅၀% နီးပါးထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။


သတင်း - စည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)