မိုင်းပျဉ်းမြို့တွင် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်




MNP - နိုဝင်ဘာ  ၂၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နဂါးနှစ်ကောင် (ကျောင်းလုံ) ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂၃−၁၁−၂၀၂၂ ရက်နေ့မှစတင်၍ အားကစားသမားအသင်း(၈)သင်းဖြင့် အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင် မိုင်းပျဉ်းလူငယ်အသင်းနှင့် ပန်ဝိုင်လူငယ်အသင်းတို့မှ  ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝါသနာရှင်မိဘပြည်သူများက ကြည့်ရှုအားပေးကြပါသည်။  ထို့နောက် ပထမဆုရရှိသော မိုင်းပျဉ်းလူငယ်အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ဆုတံဆိပ်နှင့် ဒိုင်းဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပန်ဝိုင်လူငယ်အသင်းအား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုရီက ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ ကျန်နှစ်သိမ့်ဆုများအား တာဝန်ရှိသူ အသီးသီးတို့ကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


အဆိုပါ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝါသနာရှင်မိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ မြို့နယ်နှင့်ကျေးရွာများမှ အားကစားသမားအသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။


သတင်း -နန်းသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)