ကလေးဝမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ



MNP - နိုဝင်ဘာ  ၁၆


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက်၉ နာရီက ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ကလေးဝမြို့ပေါ်ရှိ မူလတန်းလွန်စာသင်ကျောင်း (၅)ကျောင်းမှမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ကလေးများက မီတာ ၁၀၀ ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ (၂၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မ စကောရွတ်ပြိုင်ပွဲ၊ ကျား ဂုံနီ အိတ်စွတ်ပြိုင်ပွဲနှင့် ကျား ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား (၁၀၂) ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၌ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)