ရသေ့တောင်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာ ကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာ ကျွေးမွေးလှူဒါန်း





MNP ၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်စေတနာရှင်များ၊အလှူရှင်များတစ်ဦးချင်း(သို့)စုပေါင်းပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယနေ့နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင်လည်း အ‌ရှေ့တောင်ရပ်ကွက်၊ နန္ဒာလမ်းလမ်းမိသားစုမှ အလှူများမှ ဆန်ပြုတ်ဖြင့်ဒါနပြုကျွေးမွေးလှူဒါန်းကြပြီး၊ အရှေ့မြောက်ရပ်ကွက်မှဦးမောင်သန်းညွန့်၊ ဒေါ်ဦးမြသန်းမိသားစုတို့မှ ဆက်နှံမုန့်ချိုဖြင့်ဒါနပြု ကျွေးမွေးလှူဒါန်းကြရာ ပျော်ပျော်ပါးပါးလှည့်လည်စားသောက်ကြသူများနှင့် အထူးစည်ကားလျှက်ရှိပြီး လာရောက်ကြသော ဧည့်သည်များမှာ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများပျော်ပျော်ပါးပါး လာရောက်စားသောက်ကြသူများနှင့် အထူးစည်ကားလျှက်ရှိကြောင်း သိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)