၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယများအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယများအား ထောက်ပံ့ပေးအပ်




MNP ၊ နိုဝင်ဘာ ၂၇     

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသေည့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ၊ ခိုလမ်တပ်နယ်ရှိ ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊စစ်သည်၊ မိသားစု များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက် တန်းများ၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင် စရိတ်များအား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။


အလားတူ မိုင်းပန်တပ်နယ်၊ မိုင်းနောင်တပ်နယ်၊ နမ့်စန်တပ်နယ်၊ လွိုင်လင် တပ်နယ်၊ ကျိုင်းတောင်းတပ်နယ်၊ ကွန်ဟိန်းတပ်နယ်၊လင်းခေးတပ်နယ်၊ မိုးနဲတပ်နယ်နှင့် လဲချားတပ်နယ် များတွင်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ တပ်နယ်အသီးသီးရှိ တာဝန်ရှိသူများက ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ ပညာသင်စရိတ်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၉၉၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၃၇၇ ဦး၊ အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူ ၄၁၅၄ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၇၅၂၉ ဦးတို့ကို (ဒုတိယအကြိမ်) ပညာသင်စရိတ်များအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)