စကုမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စကုမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေအပ်ပွဲအခမ်းအနား ကျင်းပ

 



MNP - နိုဝင်ဘာ   ၁၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စားစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအတွက် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (ယနေ့)တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၅၄)ဦးက စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားရေးကို မမေ့ဖို့ အမျိုးသားနေ့ကို အလေးထားစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟောပြောပွဲတွင် “အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် “အမျိုးသားနေ့ တို့မမေ့”၊ “အမျိုးသားအောင်ပွဲနေ့” နှင့် “အိုအသင်လူငယ်” စသည့် ကဗျာခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ အဆိုပါပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)