MNP - နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့် သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ အား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃) ရပ်ကွက်ရှိ အ-မ-ကပန္နဲကုန်း ကျောင်းသို့သွားရောက်ပြီး စာဖတ်စာငှားစာပေဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာဖတ်စာငှားစာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်း လိုပါက အမှတ် (၂) ရပ်ကွက်၊ စံပယ်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှုငှားရမ်းလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သတင်း - နော်ခူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment