အိန္ဒိယတွင် အကျည်းကျခံခဲ့ရပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲဖြစ်နေသူ မြန်မာနိုင်ငံသား ၄၃ဦးကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယတွင် အကျည်းကျခံခဲ့ရပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲဖြစ်နေသူ မြန်မာနိုင်ငံသား ၄၃ဦးကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်





MNP ၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံ လုပ်သား ၄၃ ယောက်တို့သည် အိန္ဒိယနယ်နမိတ် ပင်လည်ထဲသို့ နယ်ကျွန်ကာ ငါးဖန်းကြသဖြင့် အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၄ နှစ်ကျော်ကြာ ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ရသူ၊ ၃ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ရသူများ မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် သီတဂူဆရာတော်ကြီး က လေယာဉ်စိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။


ထောင်သက်တမ်းပြည့်၍ မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေကြသော မြန်မာနိုင်ငံသား ၄၃ ယောက်ကို ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ အရောက်ခေါ်ခဲ့ကြောင်း၊ ရန်ကုန်မှ မိမိတို့ နေရပ်ပြန်နိုင်ရန် လမ်းစရိတ် ၂ သောင်းကျပ်စီ လှူပေးခဲ့ကြောင်း၊ ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဓမ္မိက နှင့် သီတဂူကပ္ပိယအချို့တို့က ကြိုဆိုနှုတ်ဆက် လမ်းစရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ပနိုင်ငံများတွင် အတိဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများကို သီတဂူဆရာတော်ကြီး ဦးဆောင်၍ ၂၀၁၃ ခုနှစ်က မလေးရှားနိုင်ငံ အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား (၂၀၀၀) ခန့်ကို လေယာဉ် အစီး ၁၂ ခေါက်ဖြင့် ကယ်ထုတ်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်ကလည်း သီရိလင်္ကာနိုင်ငံသို့ အကြောင်းအမျိုးမျိူးကြောင့် ရောက်နေကြပြီး ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား ကိုရင်ငယ်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း ၅၀ ခန့်ကို လေယာဉ်စရိတ် ပေးလှူကာ ကယ်တင်ခဲ့ဖူးသည်။ ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါကြောင့် တကမ္ဘာလုံး လေယာဉ်တွေ ရပ်နားသဖြင့် အိန္ဒိယမှာ ပိတ်မိနေသော မြန်မာ ရဟန်း ရှင် လူတို့ကို လေယာဉ် ၃ စီးဖြင့် ကယ်ဆောင်ခဲ့ဖူးသည်။

ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် "ငါသည် သူတပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပါရစေ။ သူတပါးတို့ကလည်း ငါ၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေ။" ဟုသော ခံယူချက်ဖြင့် ကရုဏာအလှူတော်များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ရပ်ဝေးမြေခြားတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို ကယ်တင်ခဲ့ခြင်းနှင့် ပတ်သက်၍ ရေးသားထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)