အကြမ်းဖက်လှုံ့ဆော်မှုများ လုပ်ဆောင်ခဲ့တဲ့ ဦးစည်သူအောင်မြင့်ကို ဗဟန်းမြိုန့ယ်တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အတွက် မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်လှုံ့ဆော်သူ စည်သူအောင်မြင့်ဟာ မူလက ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရသူ ဖြစ်သည်။
စည်သူအောင်မြင့်ဟာ VOA မြန်မာပိုင်းသတင်းဌာနရဲ့ လုပ်ကြံဖန်တီးရေးသားတဲ့ ဆောင်းပါးရှင်တစ်ဦးဖြစ်သလို ဖရွန့်တီးယားမြန်မာသတင်းဌာနနဲ့ မြန်မာနောင်းသတင်းဌာနတို့မှာလည်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်ရေးသားမှုတွေ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
စည်သူအောင်မြင့် ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်မြို့ဗဟန်းမြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာ ပြည်ဖျက်သတင်းဌာနတစ်ခုဖြစ်တဲ့ BBC အက်ရှင်ရဲ့ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ဦးစည်သူအောင်မြင့်ကို ပုစွန်တောင်မြိုန့ယ်တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့တစ်မှု၊ နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၅၀၅- က နှစ်မှုလုံးအတွက် အမိန့်ချမှတ်ခဲ့ကာ စုစုပေါင်း ထောင်ဒဏ် ငါးနှစ် အပြင် နောက်ထပ် ပုဒ်မ ၁၂၄ (က) ကိုထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
ပြည်ဖျက်မီဒီယာ BBC သတင်းဌာနက မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment