၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်း ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်း ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ

 




MNP - နိုဝင်ဘာ   ၁၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟန်းမြို့နယ် မူလတန်းကြိုကျောင်းအမှတ်(၁)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည်အစည်း အဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလွင်ဦးနှင့် မူလတန်းကြို ကျောင်း အမှတ်(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နွယ်တို့က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ပန်းဥယျာဉ် ကမ္ဘာဝယ်သီချင်းဖြင့် ဖျော်‌ဖြေတင်ဆက် ခြင်း၊ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲ (အကြီးအဆင့်၊ အလတ်အဆင့်၊ အငယ်အဆင့်)၊ လက်ချောင်းပန်းချီပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)၊ ကဗျာရွတ်ဆိုပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)၊ အင်္ဂလိပ်သီချင်းပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)နှင့် စုပေါင်းသီချင်းဆိုပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်) အစရှိသည့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလွင်ဦး၊ ဗဟန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)