မအီမြို့နယ် ခြေတော်ရာကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ် ခြေတော်ရာကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ   ၁၈


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့၊ ခြေတော်ရာကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှု များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ထိုသို့ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ အတွင်း ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များ အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးရာတွင် အသက်(၂)နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သည် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြည်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ အဆိုပါ ခြေတော်ရာကျေးရွာမှာ ငှက်ဖျားရောဂါအဖြစ်များသည့် တောင်ပေါ်ဒေသဖြစ်၍ ရွာသူရွာသားများအား ငှက်ဖျားပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးခြင်းနှင့် အခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)