MNP - နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အထိမ်းအမှတ်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ကလေးသူငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထု အခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မူကြိုအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲအား ပြုလုပ်ဆောင်ရွက်ရာလူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ မြို့နယ်အတွင်းရှိ ရတနာ၊ နွေးထွေး မေတ္တာ ၊ ကစ်(စ်)၊နွေးထွေးမေတ္တာနှင့် ဂျွိုင်းပုဂ္ဂလိက မူလတန်းကြို ကျောင်းများမှ ကလေး သူငယ်(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးငယ်များ အားလုံးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မူကြိုအသီးသီးမှများနှင့် တာဝန်ရှိသူများနှင့် စေတနာရှင်များ ကဆုများနှင့်လက်ဆောင်ပစ္စည်းများပေးအပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မူလတန်းကြိုကျောင်း အသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment