မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ ဦးဆောင်ကျင်းပသော သတ္တမအကြိမ် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲ အုတ်တွင်းမြို့နယ်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ ဦးဆောင်ကျင်းပသော သတ္တမအကြိမ် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲ အုတ်တွင်းမြို့နယ်၌ ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၀


မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ ဦးဆောင်ကျင်းပသော သတ္တမအကြိမ် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းရှိ မင်္ဂလာဓမ္မဗိမာန်တော်၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။


ရှေးဦးစွာ ပူဇော်ခံဆရာတော်ကြီးများအား အခမ်းအနားကျင်းပရာ မင်္ဂ လာဓမ္မဗိမာန်တော်ကြီး အတွင်းသို့ ထီးဖြူမိုး၍ ပင့်ဆောင်ပူဇော်ကာန မောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ သက်တော်ရှည်ဆရာတော်ကြီးများအား သံဃာပရိသတ် အပေါင်းတို့က ပရိတ်တော်များရွတ်ဆို၍ ပူဇော်ကန်တော့ကြပြီး ညောင်ပင်ကြီးကျေးရွာ သက်တော်ရှည်  ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တကေသရ (ဗောဓိရတနာ စာသင်တိုက်)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကြသည်။ ဝက်ဖြူကုန်း‌ကျေးရွာ ရွှေဖြူ ရတနာစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသ(မင်းဝေလွင်-ရွှေသင်း) ရေးစပ်ပူဇော်အပ်သော တေးထပ်ကို ရွှေတံဆိပ်ဆုရ တေးသံရှင်နန္ဒာဇော်ဝင်း(မြန်မာ့ စောင်းပညာရှင်)က သီဆိုပူဇော်၍ အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဗောဓိကုန်းကျောင်း ‌ဆရာတော် ဘဒ္ဒန္တဥူးဝိသာရဒကပူဇော်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားသည်။


အဆိုပါ အခမ်းအနားသို့ အုတ်တွင်းတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။ အုတ်တွင်းမြို့နယ်အတွင်းရှိ သက်တော်ရှည်ဆရာတော်ကြီး(၁၆)ပါးအား ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဆရာတော်/သံဃာတော်အပါး ၂၀၀ ကပူဇော် ကန်တော့ကြပြီး တက်ရောက်လာသော ဧည့်ပရိသတ်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရ ဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။


သတင်း - အေမင်းရည်စော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)