နည်းပညာဆိုင်ရာ၊ အသက်မွေးမှုပညာဒါနသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာဆိုင်ရာ၊ အသက်မွေးမှုပညာဒါနသင်တန်းဆင်းပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ရွှေဘိုမြို့၊ ရွှေတန်ဆာဘုရားဝင်းအတွင်းလူ့ငယ့်အားမာန လူမှုဖွံ့ဖြိုးရေးအသင်း မှဦးစီးဖွင့်လှစ်သော အခမဲ့ပညာဒါန သင်တန်းအပတ်စဉ် (၈)သင်တန်းဆင်းပွဲကိုယနေ့နံနက်(၁၁) နာရီချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


သင်တန်းဆင်းပွဲတွင်လူငယ့် အားမာန်လူမှုဖွံ့ဖြိုးရေးအသင်းဦးစီးနာ ယကဆရာတော်အရှင် နန္ဒေါဘာသ၏ သြဝါဒခံယူကာ၊ ရွှေတန်ဆာဘုရားဂေါပကဦးလှသိန်း၊ မျှဝေသောလက်ပရဟိတ ကွန်ယက်ဥက္ကဋ္ဌ ဦးညွန့်တင်တို့ကမုဒိတာစကား ပြောကြားကာ၊ အသင်းနာယက ဆရာအောင် ဘုန်းညိုက အမှာစကားပြောကြားကာ အလှူငွေများပေးအပ်ခဲ့သည်။  ထို့နောက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီးအသင်းဥက္ကဋ္ဌနှင့် ကျောင်းသား/ သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ စိတ်ကြိုက်ကဗျာ များရွတ်ဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရေးနည်းကဗျာ ရေးနည်းများ သင်ကြားပြသ ပေးကာအပတ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)