လှိုင်းဘွဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရည် သန့်ရှင်း၊ ကျန်းမာရေးစေရန် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရည် သန့်ရှင်း၊ ကျန်းမာရေးစေရန် ကွင်းဆင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၁၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရည် သန့်ရှင်း၊ ကျန်းမာစေရန်အတွက် ကျောင်းကျန်းမာရေးအဖွဲ့မှ ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် Grade -1, Grade -2, Grade -3, Grade -4 တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားပိုးစားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မျက်လုံးအားနည်းခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သံဓာတ်အားနည်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်းများ ဆောင် ရွက်ပြီး ကျောင်းကျန်းမာရေးအဖွဲ့ခေါင်းဆောင်မှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး သွား (၂)ကြိမ်ခန့်တိုက်ရန်၊ ခြေသည်း၊လက်သည်းများကို တစ်ပတ်တစ်ခါညှပ်ပေးရန်နှင့် အစာအာဟာရအုပ်စု (၃) အုပ်စု မျှတအောင်စားသုံးရန် စသည်တို့ ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောဖိုးခွါး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)