သုံးခွမြို့နယ်တွင် မြို့နယ်သမဝါယသင်းစုလီမိတက်၏၂၀၂၀-၂၀‌၂၁ ဘဏ္ဍာရးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအ‌ဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် မြို့နယ်သမဝါယသင်းစုလီမိတက်၏၂၀၂၀-၂၀‌၂၁ ဘဏ္ဍာရးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအ‌ဝေးကျင်းပ



MNP - နိုဝင်ဘာ  ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀‌၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သဘာပတိ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူးဒေါ်ဥမ္မာမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်တို့က အသီးသီးအမှာစကားပြောကြားကြသည်။


ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်အတွက် ဘဏ္ဍာရေးအစီရင်ခံစာကို မြို့နယ်သမဝါယမအသင်းစုအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဆွေ၊ အသင်းစာရင်းစစ် အစီရင်ခံစာကိုမြိုနယ်အခြေခံသမဝါယမအသင်း စာရင်းစစ်အဖွဲ့ဝင် ဦးစိန်ညွန့်တို့က ဖတ်ကြားတင်ပြသည်။


ထို့နောက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းသားစာရင်းစစ်၏ အစီရင်ခံစာများအား အခြေခံသမဝါယအသင်းကိုယ်စားလှယ်များထံမှ သဘောထားရယူအတည်ပြုပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်း‌ဒေသကြီး ဦးစီးမှူးဒေါ်ဥမ္မာမြင့်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်မျာနှင့် အ‌ခြေခံသမဝါယမအသင်းအဖွဲ့ဝင်(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)