MNP - နိုဝင်ဘာ ၂၀
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့”ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမ္မဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရေး၊ ကလေးသူငယ်များ၏ အခါင့်အရေးများကိုကလေးများအားလုံးသိရှိစေရေးနှင့် ကလေးတိုင်းလက်လှမ်းမီတန်းတူညီတူရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြ ရန်နှင့် ကလေးများအတွက်ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခုဖန်တီးပေးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှနေ၍ စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးများ၏ အကျိုးစီးပွားကိုဆောင်ရွက်နေသော အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် ရင်သွေးငယ်ကလေးများက ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုမူ လတန်းကြိုကျောင်းပေါင်းစုံ ဆေးရောင်ခြယ်ပြိုင်ပွဲ(အကြီးဆင့်)တွင် ဆုရရှိကြသည့်ရင်သွေး ငယ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ကမ္ဘာ့ကလေးများနေ့အကြိုလှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ ဆေးရောင် ခြယ်ပြိုင်ပွဲ(အငယ်ဆင့်)တွင် ဆုရရှိကြသည့်ရင်သွေးငယ်များကိုလည်းကောင်း၊ ကရင်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်က ကမ္ဘာ့ကလေး များနေ့အကြိုလှုပ်ရှားမှု ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၏ဌာနတွင်း၊ ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မူလတန်းကြိုကျောင်း အမှတ်(၁)ဘားအံ)မှ ရင်သွေးငယ်များက စည်းလုံးခြင်းသည်အင်အား ကရင်တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၆)ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းမှ ရင်သွေးငယ်များက ကောက်စိုက်ဆင်းချိန် သီချင်းဖြင့်လည်းကောင်း၊ မူလတန်းကြို ကျောင်းအမှတ်(၂) ဘားအံမှရင်သွေးငယ်များက ဗိုလ်ရှု သဘင်သီချင်းဖြင့်လည်းကောင်း၊ NHP ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များက ထမင်းမိန်မိန်စား သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
တေးသရုပ်ဖော်ဖြင့်ဖျော်ဖြေတင်ဆက်ကြသည့် ရင်သွေးငယ်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ်အစိုး ရအဖွဲ့ဝင်များက ရင်သွေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုပြဘုတ်အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment