တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 


MNP - နိုဝင်ဘာ ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ်၊ တကလှဲ့ကျေးရွာအုပ်စု၊ ကန်ပတ်ရိုးကျေးရွာ ကွင်းအမှတ် (၁၂၂-B) ကန်ပတ်ရိုးမြောက်ကွင်း၊ ဦးပိုင်အမှတ် (၁၅/၁ )၊တောင်သူဦးရဲကျော်သူ လယ် (၁၁.၆၄)ဧကနှင့် ဦးပိုင်အမှတ်(၁၅/၂ )ဒေါ်ဝင်းဝင်းနိုင်လယ်မြေ (၅.၉၄)ဧက အား မိုးစပါးစံကွက် ရိတ်သိမ်းပွဲကိုယမန်နေ့နံနက်၉နာရီက အဆိုပါလယ်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရိတ်သိမ်းပွဲတွင်ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနဦးစီးမှူး ဦးခင်မောင်ဦးတို့မှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ရည်ရွယ်ချက်၊ စိုက်ပျိုးနည်းစနစ်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ဌာနအကြီးအကဲများမှ မိုးစပါးစံကွက်လက် တွေ့ရိတ် သိမ်းခြင်း၊ နည်းပညာသုံး စက်၊ ကိရိယာတို့ဖြင့် အထွက်နှုန်းတွက်ချက်တိုင်း တာမှုအခြေ အနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူဦးရဲကျော်သူ၏ မိုးစပါးစိုက်ပျိုးလယ်မြေ (အမျိုးအမည် တောင်ပျံယဉ်၊ ၁၄၅ရက် စပါး၊(၁၁.၆၄)စိုက်ဧက အတွင်းမှ၊စံကွက် အရွယ်အစား(၆.၆ပေ×၆.၆ပေ)၊ ဧရိယာ(ဝ.၀၀၁)ဧကကိုရိတ်သိမ်းရာ အစိုအထွက်နှုန်း (၆၆.၉၀)တင်းထွက်ရှိခဲ့ပြီး၊ ဒေါ်ဝင်းဝင်းနိုင်၏ မိုးစပါးစိုက်ပျိုးလယ်မြေ၊(အမျိုးအမည် တောင်ပျံ  ၁၄၅ရက်စပါး)(၅.၉၄) ဧကအတွင်းမှ စံကွက်အရွယ်အစား(၆၆ပေ×၆၆ပေ)၊ ဧရိယာ(ဝ.၁၀)ဧက ကိုရိတ်သိမ်းရာအစိုအထွက်နှုန်း(၆၆.၃၉)တင်းအသီး အသီးထွက်ရှိခဲ့ကြောင်းသိရသည်။


မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တွံတေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်ကျော်သန်း၊ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြိုနယ် အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သုတအောင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဦးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  တကလှဲ့ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲ့မှူအဖွဲ့ဝင်များ၊ တောင်သူဦးရဲကျော်သူ၊ ဒေါ်ဝင်းဝင်းနိုင်နှင့် ဖိတ်ကြားထားသော တောင်သူများအပါအဝင် စုစုပေါင်းအင်အား '၁၀၀)ဦးခန့်တက် ရောက်ခဲ့ကြကြောင်းသိရှိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)