သရက်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံ




MNP - နိုဝင်ဘာ  ၂၀


မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက်  ပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက သဲတော ကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများတက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာနေပြည်သူများမှ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တင်ပြဆောင်ကြရန်ပြောကြားပေခဲ့ပြီး မြို့နယ်ရဲမှူးက တရားဉပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်း ကျဆင်းရေးတို့ ပြေကြား ပေးခဲ့သည်။


ထို့နောက် ကျန်းမာရေး၊စိုက်ပျိုးရေး၊ ပညာရေး၊ မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ မှ သက်ဆိုင်ရာ ဌာနများအလိုက် ပြောကြားပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ လွယ်ကူစွာ ပြုလုပ်နိုင်ရေး ဆွေးနွေးပေးခဲ့ပြီး အိမ်ထောင်စု ဇယားများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)