မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၃၃)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၃၃)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်



MNP - နိုဝင်ဘာ  ၂၀


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။


ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေး သူငယ်များ၏  အခွင့်အရေးကို ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် ပေါ်ပေါက်လာသည့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ (၃၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ် သလို ကမ္ဘာ့ကလေးများနေ့ဖြစ်‌ကြောင်း၊ ကမ္ဘာ့ကလေးများနေ့သည် (၄၄)ကြိမ်မြောက် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် (UNCRC) ကို အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်အဖြစ် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် အတည်ပြုခဲ့ပြီး နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပ လျက်ရှိပြီး၊ ယခုနှစ် ကမ္ဘာ့ကလေးများနေ့ အတွက် ချမှတ်ပေး ထားသည့် ဆောင်ပုဒ်မှာ “ အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့ ” ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်များအကျိုးကို မြှင့်တင်ရန်နှင့် ကလေးသူငယ်များ အတွက် အကျိုးကျေးဇူးများ ရရှိစေမည့် ကိစ္စရပ်များကို ဦးဆောင်လှုပ်ရှားမှုများ ရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေး သူငယ်များ ကြုံတွေ့နေရသော လွဲမှားစွာပြုကျင့်ခံရခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရခြင်း၊ ခေါင်းပုံဖြတ် အမြတ် ထုတ်ခံရခြင်းများ နှင့် ခွဲခြားဆက်ဆံမှုခံရခြင်းများကို အများပြည်သူများ သိရှိပြီး ဝိုင်းဝန်း ကာကွယ် တားဆီး စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှုးပြီး ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား မိဘအုပ်ထိန်းသူများအပါအဝင် ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ကလေးသူငယ်ကိစ္စရပ် များဖြစ်ပွားပါက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ဖြစ်တာကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်၍ လုံခြုံစိတ်ချရသော အနာဂတ် တစ်ခုဖန်တီး‌ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေ လိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဗီဒီယိုအား ပြသခဲ့ပြီး၊ မကွေးကလေးပြုစု‌ရေးဌာနမှ ရင်သွေးငယ်များက ဗွေးတုတ် တေးသီချင်းဖြင့်လည်းကောင်း၊ မကွေး မူလတန်းကြိုကျောင်းမှ ရင်းသွးငယ်များမှ  မင်္ဂလာပါ တေးသီချင်းဖြင့်လည်းကောင်း၊ မိခင်မေတ္တာ မူလ တန်းကြိုကျောင်းမှ ရင်သွေးငယ်များက တောင်ယာဝင်ချိန် တေးသီချင်းဖြင့်လည်းကောင်း  တေးသီချင်း အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ကပြဖျော်ဖြေခဲ့ကြသည့် ရင်သွေးငယ်များအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က ဆုငွေနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ကာ၊ (၃၃)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)