ကျိုက်မရော၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပပြုလုပ်

 


MNP - နိုဝင်ဘာ  ၁၇


၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌  စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန် က အထက ကျိုက်မရော ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့တွင် မြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေး က ယမန်နေ့က ဆွေးနွေး ပို့ချ ပေးခဲ့သော စီမံ၊ဘဏ္ဍာ၊ ပညာ၊ စသည့် အချက်များအပေါ်  ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၏ သိရှိနားလည်မှုများအား မြေးမြန်းကာ ဆရာ၊ဆရာမ တစ်ဦးချင်းစီ၏ တင်ပြချက်များ၊ သိရှိလိုသောမေးခွန်းများအပေါ် ပြန်လည်ဖြေကြားရှင်းလင်းပြီး  အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော  ရလဒ်ကောင်းများနှင့်ပတ်သက်၍   ကျောင်းအုပ်ကြီးများ၏ သဘောထားမှတ်ချက်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ထက်၊ လယ်မူ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့ရာ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၄၁) ကျောင်းမှ  ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများ စုစုပေါင်း (၁၄၁)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ချိုချို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)