ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၁၇


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး  ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။


ဟောပြောပွဲတွင် ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာ ဦးနေထွန်းလင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က အမျိုးသားအောင်ပွဲနေ့သည် ကျွန်ပညာရေးကို ကန့်ကွက်ရှုတ်ချတိုက်ဖျက်ရာမှ ပေါ်ပေါက်လာသော မျိုးချစ်စိတ်ဓာတ်အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်သည့်နေ့ဖြစ်ကြောင်း၊ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကောလိပ်ကျောင်းသားများက သပိတ်မှောက်ခဲ့ကြသည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါတွင် အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်ကြောင်း စသဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ် တဝင့် ဟောပြောခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသား အောင်ပွဲနေ့ အသိပညာပေးနံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသထားရှိရာ ၎င်း IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းနောက် အဆိုပါ ဝန်ထမ်းများသည် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)