( ၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

( ၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

 


MNP - နိုဝင်ဘာ  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် က အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အလက(နတ်အင်း) ကျောင်းအုပ်ဆရာကြီး ဦးကြည်ရှိန် က အမျိုးသားအောင်ပွဲနေ့သည် ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အမျိုးသားစိတ်ဓာတ် အကြောင်း၊ မြန်မာတို့နယ်ချဲ့လက်အောက် ဖိနှိပ်ခံခဲ့ရပုံများ၊ ကျောင်းသားကြီး (၁၁)ဦးနှင့် ကျောင်းသားများ၏ ကြိုးပမ်းမှု၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများ၊ အမျိုးသားစိတ်ဓာတ်ရှိရန် အရေးကြီးပုံ၊ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် အမျိုးသားအောင် ပွဲနေ့ အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)