သထုံမြို့နယ်၌ ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပြီး စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပြီး စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်





MNP  -   ဒီဇင်ဘာ        ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်း ဆောင်းဆီထွက်သီးနှံနေကြာ တို့မြှင့်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထောက်ပံပေးအပ်ခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူပညာပေးကွင်းသရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက မြေနီကုန်းကျေးရွာ ကွင်းအမှတ်(၆၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က ဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံပေးအပ်ခြင်းနှင့်အတူ တောင်သူပညာပေးကွင်းသရုပ်ပြသခြင်းတို့ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါကင်းစင်ရေး စသည့် အထွက်နှုံးတိုမြင့်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည်တို့ကို ရှင်းလင်း ဆွေးနွေးသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မြေနီကုန်းကျေးရွာရှိ ဆောင်းသီးနှံစိုက် တောင်သူ ၉ ဦးတို့အတွက် ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် ရွက်ဖြန်းမြေဩဇာမှုန့်တို့ကို ထောက်ပံ့ပေးအပ်ကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများအား စိုက်နည်းစနစ် မှန်ကန်ရေး မျိုးစေ့ကိရိယာဖြင့် စိုက်ပျိုးခြင်းအား ကွင်းသရုပ်ပြသခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)