ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေး




MNP - ဒီဇင်ဘာ ၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍  အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေးရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအကြောင်း၊ ဖြူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က ကျောင်းသား/ ကျောင်းသူများ အားကစားစိတ်ဓါတ်ရှိရေး၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း၊  ဖြူးမြို့နယ် စားသုံးသူရေးရာစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်း ဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က တိုင်းရင်းဆေးအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် အချက်များအကြောင်းတို့ကို ဟောပြောခဲ့ကြကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့  ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခဲ့ကြကြောင်း  သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)