တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

 




MNP - ဒီဇင်ဘာ  ၃


ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်တွင်းကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက  လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာ့လွတ်လပ်ရေးကာလတလျောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ လွတ်လပ်ရေး၏အနှစ်သာရနှင့်တန်ဖိုးရှိပုံ၊ အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်များ၊ လူငယ်ကဏ္ဍအရေးကြီးပုံ၊ တန်ဖိုးရှိသောလူငယ်များဖြစ်စေရေး ဘက်ပေါင်းစုံမှ လေ့လာကြိုးစားရန်လိုတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်က ဆောင်းရာသီတွင် ဖြစ်ပွားတက်သောရောဂါများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးက ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အန္တရာယ်ရှိသော အစားအစာများအကြောင်း အသိပညာပေး  ဟောပြောခဲ့ကာ ကျောင်းသားကျောင်းသူများအား ဟောပြောချက်များအပေါ်  နားလည်သိရှိမှုများအား  ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်မိသားစုမှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်၏ သမိုင်းဝင်လက်ရေးမူများနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ‌လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)