နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 



MNP - ဒီဇင်ဘာ ၄


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားသံဓိဠာန် ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် မြို့နယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဠ ဦးသိန်းချမ်းအောင်တို့မှ ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး မြို့နယ်အား/ကာမှူး ဦးမြင့်ကျော်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း ၁၈ သင်းနှင့် စစ်တုရင် ၁၈ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင်ဆုရရှိသူများအား ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ထံမှ သိရသည်။


သတင်း - ဟန်ကမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)