မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP - ဒီဇင်ဘာ ၄


မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လက်တက်ကျေးရွာ၌ မြေသားရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းကို နိုဝင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ မြေသားရေကန်ခြံစည်းရိုး ကာရံခြင်း (Chain Link) လုပ်ငန်းကို အရှည်ပေ ၁၀၀၉ ပေ၊ အမြင့် ၆ ပေ ဖြင့် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း  ၈၀  ဖြင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာတို့က စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင်  ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နွေ ရာသီအပြင်ဆယ့်နှစ်ရာသီပတ်လုံး ကျေးရွာနေပြည်သူ များက သန့်ရှင်းသောသောက် သုံးရေကို ဖူလုံစွာရရှိတော့မည်ဖြစ်ရာ ကျေးရွာရှိ အိမ်ခြေ ၅၀၂ အိမ်မှ လူဦးရေ ၂၂၈၀ ဦးတို့အတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)