မကွေးတိုင်းဒေသကြီးသည် နိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း နိုင်ငံတော်မှသတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီမှုမရှိသေးကြောင်း ဝန်ကြီးချုပ်ဦးတင့်လွင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးသည် နိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း နိုင်ငံတော်မှသတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီမှုမရှိသေးကြောင်း ဝန်ကြီးချုပ်ဦးတင့်လွင် ပြောကြား



MNP ၊  ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၂)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ဦးစွာမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား မကွေးမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လာရောက်တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း၊ MSMEs လုပ်ငန်းများအောင်မြင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိုက်သင့်သည့်အတိုးနှုန်းများဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ချေးငွေများရှိသကဲ့သို့ ပုဂ္ဂလိက ချေးငွေများလည်းရှိပြီး အဆိုပါချေးငွေများကိုလည်း သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ချေးငွေများထပ်မံထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများအောင်မြင်စေရန်အတွက်လည်း အခြေခံအချက်(၄)ချက်ဖြင့် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာပိုင်းဆိုင်ရာများ ဟန်ချက်ညီညီပြည့်စုံအောင် ဆောင်ရွက်ရန်၊ နည်းပညာအခက်အခဲများရှိပါက သက်ဆိုင်ရာဌာနများမှ လိုအပ်သည့်အကူအညီများပံ့ပိုးကူညီ ဆောင်ရွက်သွားရန် အထူးအလေးထားမှာကြားသွားတဲ့အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် MSMEs လုပ်ငန်းများအောင်မြင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး မိမိတို့နိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း နိုင်ငံတော်မှသတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီမှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးမှုများ အထွက်နှုန်းတိုးတက်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်သည့်အတွက်လည်း ဝါစိုက်ပျိုးမှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဝါစိုက်ပျိုးမှုလုပ်ငန်းများမှ မိမိတို့နိုင်ငံတွင် အကောင်းဆုံးသော ချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ချည်မျှင်ရှည်ဝါများကို အကောင်းဆုံး အရည်အသွေးနှင့် အကောင်းဆုံးအထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်များရရှိရန်၊ မြေကောင်းမွန်ရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရန်နှင့် စိုက်ပျိုးနည်းစနစ်များမှန်ကန်ရန် တာဝန်ရှိသူများက ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးသွားရန် ထည့်သွင်းမှာကြားခဲ့သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားဖို့လိုပါကြောင်း၊ သစ်ဝါးများပြုန်းတီးမှုမရှိစေရေး စနစ်တကျ ထုတ်လုပ်သုံးစွဲရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးခြင်းစနစ်ကို စီမံဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း  လာမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ မဲပေးနိုင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာပါတဲ့ လုပ်ငန်းစဉ်(၁)အရ မဲစာရင်းများစစ်ဆေးခြင်း ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် လုပ်ငန်းစဉ်(၅)ရပ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးရာတွင် ပြည့်စုံရမည့်အချက်များနှင့် မဲစာရင်းမှန်ကန်စေရေးတို့ဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်များဖြစ်တဲ့အတွက် ဌာနဆိုင်ရာများအားလုံးသိရှိဖို့နဲ့ ဝိုင်းဝန်းပြီးပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ စီးပွားရေးကဏ္ဍတွေကိုဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့အခါ လုံခြုံရေးကိုလဲ ပေါ့ဆလို့မရအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို သတိထားဆောင်ရွက်ကြဖို့လည်းလိုပါကြောင်း၊ လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပွားစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့နဲ့ အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စိမ်းလန်းစိုပြေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ကာ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ပုံမှန်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းအဆင့်ဌာနဆိုင်ရာများမှ အလေးထား၍ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အစည်းအဝေး(၁၀/၂၀၂၂)ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြရာ ဆွေးနွေး တင်ပြမှုအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီးဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးလင်းထွဋ်၊ ဥပဒေချုပ်ဦးဝင်းမြင့်တို့က ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)