ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်


MNP ၊ ဒီဇင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သော အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ယနေ့နံနက် ၁၁ နာရီက တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်တာဝန်ရှိသူများသည် ပန်းတနော်မြို့အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း(မြို့သစ် ၄ လမ်းမှ မြို့သစ် ၈ လမ်းကြား) လမ်းအလျား ၇၅၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါလမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြေနုပိုက်တန်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်းနှင့် စံကျောင်းကျေးရွာကွန်ကရစ်ဘီးလမ်းဖွင့်ပွဲသို့ရောက်ရှိ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)